2026. 03. 24
မတ်လအတွင်း စက်သုံးဆီအကျပ်အတည်းပြင်းထန်လာမှုနှင့်အတူ EV ကားဈေးနှုန်းများ သိန်းထောင်ချီတက်လာခဲ့သည်။ လူကြိုက်များသော မော်ဒယ်အချို့တွင် ဈေးနှုန်း ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုများကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု ထိခိုက်လာပြီး ပြည်တွင်း၌ စက်သုံးဆီ ရှားပါးမှုနှင့်အတူ လျှပ်စစ်ကား (EV) ဝယ်လိုအား အဆမတန် မြင့်တက်လာသည်။ လက်ရှိကားဈေးကွက်အတွင်း EV ကားတစ်စီးလျှင် ကျပ်သိန်းထောင်နှင့်ချီ၍ ဈေးနှုန်းထိုးတက်နေကြောင်း ဈေးကွက်စောင့်ကြည့်သူများနှင့် အရောင်းအဝယ်ပြုလုပ်သူများထံမှ စုံစမ်းသိရှိရသည်။
စက်သုံးဆီ ချွေတာရန် ယာဉ်များကို နံပါတ်အလိုက် စုံ/မ စနစ်ဖြင့် တစ်ရက်ခြားစီသာ မောင်းနှင်ရန် မတ်လ ၃ ရက်နေ့တွင် ကန့်သတ်ချက် ထုတ်ပြန်ခဲ့သည်။ သို့သော် လျှပ်စစ်ကား (EV) များကိုမူ နေ့စဉ်မောင်းနှင်ခွင့် ပြုထားခြင်းကြောင့် ယင်းနောက်ပိုင်းတွင် EV ကားဝယ်လိုအားနှင့် ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်ဟု ကားအရောင်းပြခန်း ဝန်ထမ်းများက ပြောသည်။
မတ်လဆန်းပိုင်းမှ စတင်၍ ရက်သတ္တပတ်အနည်းငယ်အတွင်း EV ကား အမျိုးအစား အလိုက် ၃၀ ရာခိုင်နှုန်းကျော်မှ ၆၀ ရာခိုင်နှုန်းကျော်အထိ ဈေးနှုန်း ရုတ်တရက် ခုန်တက်သွားခဲ့သည်။
လူကြိုက်များသောEV မော်ဒယ်များနှင့်ဈေးနှုန်းပြောင်းလဲမှု
ကားအမျိုးအစား | ယခင်ဈေးနှုန်း (ကျပ်သိန်း) | လက်ရှိဈေးနှုန်း (ကျပ်သိန်း) | ဈေးနှုန်းမြင့်တက်မှု ကွာခြားချက် (ကျပ်သိန်း) | တက်သွားသည့် ရာခိုင်နှုန်း: |
BYD Atto 3 | ၁,၄၀၀ ဝန်းကျင် | ၂,၃၀၀ | + ၉၀၀ | ၆၄ ဒသမ ၃% |
Toyota bZ4X | ၂,၄၀၀ ဝန်းကျင် | ၃,၂၀၀ | + ၈၀၀ | ၃၃ ဒသမ ၃% |
KIA EV6 | ၂,၅၀၀ ဝန်းကျင် | ၃,၅၀၀ | + ၁,၀၀၀ | ၄၀% |
လျှပ်စစ်ကား တင်သွင်းရောင်းချသည့် ကုမ္ပဏီ ၉၀ ရာခိုင်နှုန်းသည်လည်း တင်သွင်းရရှိထားသည့်ကားများကို နောက်နှစ်လယ်ထိ Pre order (ကြိုရောင်း) စနစ်ဖြင့် ရောင်းချထားပြီးဖြစ်သည်ဟု ရန်ကုန်မြို့ EVကား အရောင်းပြခန်းမှ မန်နေဂျာ တစ်ဦးက ပြောသည်။
“Demand(ဝယ်လိုအား)နဲ့ Supply (ရောင်းလိုအား)က မညီတော့တာပေါ့။ အခုက အရောင်းပြခန်း တွေမှာလည်း ရောင်းကားမရှိကြဘူး။ သွင်းရတဲ့ ကားတွေကလည်း အကုန်လုံးက ရောင်းပြီးကြပြီ။ နောက်နှစ်လယ်ထိ မရှိတော့ဘူး” ဟု အထက်ပါ မန်နေဂျာက ပြောသည်။
EV ကားများသည် စုံ၊ မ စနစ်မရှိဘဲ ရက်အကန့်အသတ်မရှိ မောင်းခွင့်ရခြင်း၊ ဆီထည့်ရန်မလိုခြင်းအပြင် ဆီကားများနှင့်နှိုင်းယှဉ်ပါက အခွန်သက်သာခြင်းကြောင့်လည်း ဈေးနှုန်း ထိုးတက်သွားခြင်းဖြစ်သည်။
လာမည့်ဧပြီလမှစ၍ EV လူစီးယာဉ်များကို အထူးကုန်စည်ခွန် ငါးခိုင်ရာနှုန်းသာ ကောက်ခံမည်ဟု မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် ဖော်ပြသည်။ ထိုဥပဒေအရ သိန်း ၁၀၀၀ တန် ကားတစ်စီးဝယ်ယူပါက သိန်း ၅၀ သာ အခွန်ပေးရမည်ဖြစ်သည်။
စက်သုံးဆီကားများ ဝယ်ယူလျှင် ဝင်ငွေခွန်၊ တင်သွင်းခွင့်အကောက်ခွန်များပါ ပေးရမည်ဖြစ်ပြီး ကားတစ်စီးတန်ဖိုး၏ နှစ်ဆခန့်ပေးရသည်ဟု အထက်ပါ ကားအရောင်းအဝယ်လုပ်နေသူက ဆိုသည်။
“သေချာတာကတော့ ဆီကားတွေထက် EV က အခွန်ပို သက်သာတယ်ဗျ။ ဆီကားကျတော့ ပြည်ပက တင်သွင်းလာတဲ့ ကားတစ်စီးကို မြန်မာနိုင်ငံမှာ လိုင်စင်အပြီးအစီးနဲ့ ကျနိုင်တဲ့အခွန်က တချို့ကားတွေဆိုရင် ကားတန်ဖိုးထက်တောင်များတယ်” ဟု သူက ပြောသည်။
ထို့ကြောင့် မော်ဒယ်မြင့်ပြီး အင်ဂျင်ပါဝါကြီးသည့် ဆီကားများ အရောင်းအဝယ်မရှိသလောက် နည်းပါးပြီး အင်ဂျင်အသေးစားကား အရောင်းအဝယ်လည်း အလွန်နည်းပါးသည်ဟု သိရသည်။
သို့သော် လျှပ်စစ် လုံလောက်မှုမရှိခြင်းကြောင့် EV ကားများသည်လည်း အားသွင်းရန် ခက်ခဲသည့် အားနည်းချက် ရှိနေသေးသည်။
“ဆီတန်းစီရတာနဲ့ ကြိုက်တဲ့ရက် ထွက်ရတဲ့ အခက်အခဲတော့ မရှိပေမယ့် လျှပ်စစ်မလုံလောက်တော့EV ကားတွေ အားသွင်းရတာတော့ အခက်ခဲရှိတယ်”ဟု EV ကားပိုင်ရှင်တစ်ဦးက ပြောသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်လ ၁၈ ရက်နေ့မှစ၍ လေးနာရီလာ လေးနာရီပျက် အလှည့်ကျစနစ်ဖြင့်သာ လျှပ်စစ်မီး ရရှိမည်ဟု စစ်ကော်မရှင် လျှပ်စစ်ဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ |
|
|
စစ်ကော်မရှင်သည် လာမည့်သီတင်းပတ်မှစ၍ စက်သုံးဆီဝယ်ယူခွင့်အတွက် ယာဉ်၏စက်စွမ်းအားအလိုက် တစ်ပတ် (၁)ကြိမ်၊ အများဆုံး (၂)ကြိမ်သာ ရောင်းချပေးသွားမည်ဟု ယမန်နေ့တွင် ထပ်မံ ထုတ်ပြန်ထားသည်။ စစ်ကော်မရှင်ပြောခွင့်ရကမူ စက်သုံးဆီ ရက် ၅၀ စာ ရှိနေသေးသည်ဟု ဆိုသည်။
ကမ္ဘာ့လောင်စာဆီ အကျပ်အတည်းပေါ်ပေါက်လာပြီးနောက် ပြည်တွင်းတွင် ဆီဝယ်ယူရ ခက်ခဲခြင်းကြောင့် ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့သို့ မြန်မာယာဉ်များ သွားရောက် ဝယ်ယူခဲ့ကြရသည်။
ထို့အပြင် မဲဆောက်မြို့မှတဆင့် မြန်မာနိုင်ငံဘက်အခြမ်းသို့ မှောင်ခိုလမ်းကြောင်းမှတဆင့် ပို့ဆောင်မည့် ဒီဇယ်ဆီ လီတာ ၂၀,၀၀၀ ဆံ့ ဆီကားတစ်စီးကို မတ်လ ၂၂ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
Ref : Myanmar Now (https://www.facebook.com/share/p/1VfuT6Xa1X/)

2026. 03. 24
မတ်လအတွင်း စက်သုံးဆီအကျပ်အတည်းပြင်းထန်လာမှုနှင့်အတူ EV ကားဈေးနှုန်းများ သိန်းထောင်ချီတက်လာခဲ့သည်။ လူကြိုက်များသော မော်ဒယ်အချို့တွင် ဈေးနှုန်း ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုများကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု ထိခိုက်လာပြီး ပြည်တွင်း၌ စက်သုံးဆီ ရှားပါးမှုနှင့်အတူ လျှပ်စစ်ကား (EV) ဝယ်လိုအား အဆမတန် မြင့်တက်လာသည်။ လက်ရှိကားဈေးကွက်အတွင်း EV ကားတစ်စီးလျှင် ကျပ်သိန်းထောင်နှင့်ချီ၍ ဈေးနှုန်းထိုးတက်နေကြောင်း ဈေးကွက်စောင့်ကြည့်သူများနှင့် အရောင်းအဝယ်ပြုလုပ်သူများထံမှ စုံစမ်းသိရှိရသည်။
စက်သုံးဆီ ချွေတာရန် ယာဉ်များကို နံပါတ်အလိုက် စုံ/မ စနစ်ဖြင့် တစ်ရက်ခြားစီသာ မောင်းနှင်ရန် မတ်လ ၃ ရက်နေ့တွင် ကန့်သတ်ချက် ထုတ်ပြန်ခဲ့သည်။ သို့သော် လျှပ်စစ်ကား (EV) များကိုမူ နေ့စဉ်မောင်းနှင်ခွင့် ပြုထားခြင်းကြောင့် ယင်းနောက်ပိုင်းတွင် EV ကားဝယ်လိုအားနှင့် ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်ဟု ကားအရောင်းပြခန်း ဝန်ထမ်းများက ပြောသည်။
မတ်လဆန်းပိုင်းမှ စတင်၍ ရက်သတ္တပတ်အနည်းငယ်အတွင်း EV ကား အမျိုးအစား အလိုက် ၃၀ ရာခိုင်နှုန်းကျော်မှ ၆၀ ရာခိုင်နှုန်းကျော်အထိ ဈေးနှုန်း ရုတ်တရက် ခုန်တက်သွားခဲ့သည်။
လူကြိုက်များသောEV မော်ဒယ်များနှင့်ဈေးနှုန်းပြောင်းလဲမှု
ကားအမျိုးအစား
ယခင်ဈေးနှုန်း (ကျပ်သိန်း)
လက်ရှိဈေးနှုန်း (ကျပ်သိန်း)
ဈေးနှုန်းမြင့်တက်မှု ကွာခြားချက် (ကျပ်သိန်း)
တက်သွားသည့် ရာခိုင်နှုန်း:
BYD Atto 3
၁,၄၀၀ ဝန်းကျင်
၂,၃၀၀
+ ၉၀၀
၆၄ ဒသမ ၃%
Toyota bZ4X
၂,၄၀၀ ဝန်းကျင်
၃,၂၀၀
+ ၈၀၀
၃၃ ဒသမ ၃%
KIA EV6
၂,၅၀၀ ဝန်းကျင်
၃,၅၀၀
+ ၁,၀၀၀
၄၀%
လျှပ်စစ်ကား တင်သွင်းရောင်းချသည့် ကုမ္ပဏီ ၉၀ ရာခိုင်နှုန်းသည်လည်း တင်သွင်းရရှိထားသည့်ကားများကို နောက်နှစ်လယ်ထိ Pre order (ကြိုရောင်း) စနစ်ဖြင့် ရောင်းချထားပြီးဖြစ်သည်ဟု ရန်ကုန်မြို့ EVကား အရောင်းပြခန်းမှ မန်နေဂျာ တစ်ဦးက ပြောသည်။
“Demand(ဝယ်လိုအား)နဲ့ Supply (ရောင်းလိုအား)က မညီတော့တာပေါ့။ အခုက အရောင်းပြခန်း တွေမှာလည်း ရောင်းကားမရှိကြဘူး။ သွင်းရတဲ့ ကားတွေကလည်း အကုန်လုံးက ရောင်းပြီးကြပြီ။ နောက်နှစ်လယ်ထိ မရှိတော့ဘူး” ဟု အထက်ပါ မန်နေဂျာက ပြောသည်။
EV ကားများသည် စုံ၊ မ စနစ်မရှိဘဲ ရက်အကန့်အသတ်မရှိ မောင်းခွင့်ရခြင်း၊ ဆီထည့်ရန်မလိုခြင်းအပြင် ဆီကားများနှင့်နှိုင်းယှဉ်ပါက အခွန်သက်သာခြင်းကြောင့်လည်း ဈေးနှုန်း ထိုးတက်သွားခြင်းဖြစ်သည်။
လာမည့်ဧပြီလမှစ၍ EV လူစီးယာဉ်များကို အထူးကုန်စည်ခွန် ငါးခိုင်ရာနှုန်းသာ ကောက်ခံမည်ဟု မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် ဖော်ပြသည်။ ထိုဥပဒေအရ သိန်း ၁၀၀၀ တန် ကားတစ်စီးဝယ်ယူပါက သိန်း ၅၀ သာ အခွန်ပေးရမည်ဖြစ်သည်။
စက်သုံးဆီကားများ ဝယ်ယူလျှင် ဝင်ငွေခွန်၊ တင်သွင်းခွင့်အကောက်ခွန်များပါ ပေးရမည်ဖြစ်ပြီး ကားတစ်စီးတန်ဖိုး၏ နှစ်ဆခန့်ပေးရသည်ဟု အထက်ပါ ကားအရောင်းအဝယ်လုပ်နေသူက ဆိုသည်။
“သေချာတာကတော့ ဆီကားတွေထက် EV က အခွန်ပို သက်သာတယ်ဗျ။ ဆီကားကျတော့ ပြည်ပက တင်သွင်းလာတဲ့ ကားတစ်စီးကို မြန်မာနိုင်ငံမှာ လိုင်စင်အပြီးအစီးနဲ့ ကျနိုင်တဲ့အခွန်က တချို့ကားတွေဆိုရင် ကားတန်ဖိုးထက်တောင်များတယ်” ဟု သူက ပြောသည်။
ထို့ကြောင့် မော်ဒယ်မြင့်ပြီး အင်ဂျင်ပါဝါကြီးသည့် ဆီကားများ အရောင်းအဝယ်မရှိသလောက် နည်းပါးပြီး အင်ဂျင်အသေးစားကား အရောင်းအဝယ်လည်း အလွန်နည်းပါးသည်ဟု သိရသည်။
သို့သော် လျှပ်စစ် လုံလောက်မှုမရှိခြင်းကြောင့် EV ကားများသည်လည်း အားသွင်းရန် ခက်ခဲသည့် အားနည်းချက် ရှိနေသေးသည်။
“ဆီတန်းစီရတာနဲ့ ကြိုက်တဲ့ရက် ထွက်ရတဲ့ အခက်အခဲတော့ မရှိပေမယ့် လျှပ်စစ်မလုံလောက်တော့EV ကားတွေ အားသွင်းရတာတော့ အခက်ခဲရှိတယ်”ဟု EV ကားပိုင်ရှင်တစ်ဦးက ပြောသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်လ ၁၈ ရက်နေ့မှစ၍ လေးနာရီလာ လေးနာရီပျက်
အလှည့်ကျစနစ်ဖြင့်သာ လျှပ်စစ်မီး ရရှိမည်ဟု စစ်ကော်မရှင် လျှပ်စစ်ဝန်ကြီးဌာနကထုတ်ပြန်ထားသည်။