2026. 03. 26
မြန်မာနိုင်ငံရှိ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များထံ သွားရောက်ပူးပေါင်းကူညီရန် ကြိုးပမ်းမှုဖြင့် သြစတြေးလျ အမျိုးသားတစ်ဦးအား ပြည်ပသို့ တရားမဝင် ကျူးကျော်ဝင်ရောက်မှုဆိုင်ရာ ပြစ်မှုဖြင့် သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) က တရားစွဲထားသည်။
အသက် ၃၃ နှစ်အရွယ် အက်တီလီယို အိုင်ဗာ ဖိလစ် ဒါလာဗေးလ်ဆိုသူအား သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့၊ ကွင်းစလန်ရဲတပ်ဖွဲ့နှင့် သြစတြေးလျ လုံခြုံရေးထောက်လှမ်းရေးအဖွဲ့ (ASIO)များဖြင့် ဖွဲ့စည်းထားသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းအထူးအဖွဲ့၏ စုံစမ်းစစ်ဆေးမှုအပြီး ယနေ့ မတ်လ ၂၆ ရက်တွင် ဘရစ်စဘိန်းမြို့တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။
AFP ၏ ထုတ်ပြန်ချက်အရ အဆိုပါအမျိုးသားသည် ဇန်နဝါရီလအတွင်းက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုမှတဆင့်မြန်မာနိုင်ငံသို့ ဆက်လက်သွားရောက်၍ လက်ရှိဖြစ်ပွားနေသည့် ပြည်တွင်းစစ်တွင် ပါဝင်ပူးပေါင်းတိုက်ခိုက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခကို ကမ္ဘာတစ်ဝန်းရှိ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းများက ကူညီထောက်ပံ့မှုများ ပေးကြရာတွင် စစ်ကော်မရှင်ကို တော်လှန်ခုခံနေသည့် အဖွဲ့အစည်းများအတွက် ရန်ပုံငွေရှာဖွေခြင်းနှင့် အခြားသောအကူအညီများ ပေးနေကြရာ စစ်အာဏာရှင်တော်လှန်ရေးသည် နိုင်ငံတကာအဆင့်အထိ သက်ရောက်မှုရှိလာသည်။
အဆိုပါ သြစတြေးလျအမျိုးသားသည် မတ်လ ၂၅ ရက်နေ့က ဘရစ်စဘိန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာချိန်တွင် နယ်စပ်အရာရှိများက ၎င်း၏ခရီးဆောင်အိတ်များကို စစ်ဆေးခဲ့ရာ အိတ်အတွင်းမှ ညကြည့်မှန်ပြောင်း၊ စစ်ဘက်သုံးတံဆိပ်များနှင့် ၎င်း၏ အီလက်ထရွန်နစ် ကိရိယာများအတွင်း စိတ်ဝင်စားဖွယ်ရာ အချက်အလက်များကို တွေ့ရှိခဲ့ကြောင်း AFP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်လက်စုံစမ်းစစ်ဆေးမှုအရ AFP သည် ကွင်းစလန်ပြည်နယ်အလယ်ပိုင်း ရော့ခ်ဟမ်းပတန်ရှိ နေအိမ်တစ်လုံးကိုလည်း ဝင်ရောက်ရှာဖွေခဲ့သည်။
ယခုအခါ အဆိုပါအမျိုးသားကို ပဋိပက္ခဖြစ်နေသည့် လှုပ်ရှားမှုများတွင် ပါဝင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုသို့ဝင်ရောက်ခြင်း သို့မဟုတ် ဝင်ရောက်ရန် ကြိုးပမ်းခြင်းတို့ဖြင့် တရားစွဲဆိုထားသည်။
ယင်း ပြစ်မှုသည် သြစတြေးလျ ရာဇသတ်ကြီးဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည်။ ယခုအခါ အဆိုပါ အမျိုးသားကို အကျဉ်းထောင်တွင် ဆက်လက်ချုပ်နှောင်ထားပြီး မေလ ၁၅ ရက်နေ့တွင် တရားရုံးသို့ ပြန်လည်ရုံးထုတ်ရန် စီစဉ်ထားသည်။
လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်ရန် ပြည်ပသို့ သွားရောက်ခြင်းသည် ပြင်းထန်သော ရာဇဝတ်မှုမြောက်သလို ထိုသို့လုပ်ဆောင်ရန် ကြိုးပမ်းသည့် မည်သူမဆို တရားစွဲဆို ခံရမည်ဖြစ်ကြောင်း AFP လက်ထောက်ရဲမင်းကြီး စတီဖင်နတ်ကပြောသည်။
Ref : Myanmar Now (https://www.facebook.com/share/p/1JYcnkdwBp/)