2026. 04. 01
အတုအယောင်ရွေးကောက်ပွဲအပြီး ဒီကနေ့ မတ် ၃၁ ရက်မှာ လုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒုတိယသမ္မတအဖြစ် ထောက်ခံမဲအများဆုံးနဲ့ အတည်ပြုရွေးချယ်လိုက်ပါတယ်။
လွှတ်တော်အစုအဖွဲ့အလိုက် ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို မတ် ၃၀ ရက် မနေ့က လုပ်တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ တင်သွင်းခဲ့ပြီး ရွေးကောက်ခံ ပြည်သူ့လွှတ်တော် အစုအဖွဲ့က စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဒေါက်တာကျော်ဆွေတို့ကို ဒုတိယသမ္မတလောင်းတွေအဖြစ် အမည်စာရင်း တင်သွင်းထားပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာတော့ ဒုတိယသမ္မလောင်း ၂ ယောက်ကို ဆန္ဒမဲ လက်မှတ်နဲ့ လျှို့ဝှက်ဆန္ဒမဲပေးပြီး ရွေးချယ်တာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထောက်ခံမဲ ၂၄၇ မဲ၊ ဒေါက်တာကျော်ဆွေက ထောက်ခံမဲ ၁၀ မဲ ရရှိခဲ့တဲ့အတွက် ထောက်ခံမဲ အများဆုံးရသူ မင်းအောင်လှိုင်ကို ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ကြောင်း အတည်ပြု ကြေညာ ခဲ့ပါတယ်။
အလားတူ ရွေးကောက်ခံ အမျိုးသားလွှတ်တော် အစုအဖွဲ့မှာလည်း ဒုတိယသမ္မတလောင်းတွေ အဖြစ် တင်သွင်းထားတဲ့ ဒေါက်တာ မနမ်တူးဂျာနဲ့ ဒေါ်နန်းနီနီအေးတို့ကို ဆန္ဒမဲလက်မှတ်နဲ့ လျှို့ဝှက် ဆန္ဒမဲပေးပြီး ရွေးချယ်တာမှာ ဒေါက်တာ မနမ်တူးဂျာက ထောက်ခံမဲ ၃၈ မဲ၊ ဒေါ်နန်းနီနီအေးက ထောက်ခံမဲ ၁၁၇ မဲ ရရှိခဲ့တဲ့အတွက် ဒေါ်နန်းနီနီအေးကို ဒုတိယသမ္မတအဖြစ် ရွေးကောက် တင်မြှောက်ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။
ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က တင်သွင်းတဲ့ ဒုတိယ သမ္မတ အမည်ကိုတော့ မသိရသေးပါဘူး။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ဒုတိယသမ္မတတွေအဖြစ် ရွေးချယ်အတည်ပြု လိုက်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒေါ်နန်းနီနီအေးနဲ့ တပ်မတော်သား အစုအဖွဲ့က တင်သွင်းမဲ့ ဒုတိယသမ္မတတို့ကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်သွင်းပြီး နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ ၁၊ ဒုတိယသမ္မတ ၂ အဖြစ် ဆန္ဒမဲပေး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
Ref : DVB TV News (https://www.facebook.com/share/p/1HE78AYvgr/)