သတင်းဓာတ်မြေဩဇာနှင့် ဒီဇယ်ဆီအတွက် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို တစ်လကြာ ကင်းလွတ်ခွင့်ပြုကြောင်း စစ်ကော်မရှင် ထုတ်ပြန်‎

2026. 04. 02


တောင်သူလယ်သမားများ၏ သွင်းအားစုစရိတ် လျှော့ချနိုင်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်စေရေး အတွက်ဟုဆိုကာ ဓာတ်မြေဩဇာနှင့် ဒီဇယ်ဆီ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ဧပြီလတစ်လအတွင်း ကင်းလွတ်ခွင့်ပြုကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။

အဆိုပါ ကင်းလွတ်ခွင့်သည် ဧပြီ ၁ ရက်မှ ၃၀ ရက်အတွင်း စစ်ကော်မရှင်၏ အကောက်ခွန်ဦးစီးဌာန၌ သွင်းကုန်ကြေညာလွှာ (Import Declaration) ဖွင့်လှစ်တင်သွင်းသူများအတွက် အကျုံးဝင်မည် ဖြစ်သည်။

ဓာတ်မြေဩဇာ တင်သွင်းမှုအပြင် ဒီဇယ်ဆီအတွက် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ် လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းတို့ကိုပါ ဧပြီလအတွင်း ကင်းလွတ်ခွင့်ပြုရန် စစ်ကော်မရှင် လက်အောက်ခံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် မြေပြင်တွင်မူ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ အပါအဝင် အထွေထွေ ကုန်ပစ္စည်းဈေးနှုန်းများမှာ ဆက်တိုက် မြင့်တက်လျက်ရှိနေသည်။

Ref : Ayeyarwaddy Times (https://www.facebook.com/share/p/17yNjKJ436/)

2299bcd7aa092.png

8f85df3f53a6e.png