2026. 04. 02
သမ္မတ တင်မြှောက်မည့် ရွေးချယ်ပွဲကို မနက်ဖြန် (ဧပြီလ ၃ ရက်နေ့) နံနက် ၁၀ နာရီ၌ ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ယနေ့ ပြုလုပ်သော စစ်တပ် ဦးဆောင်သည့် လွှတ်တော်တွင် ကြေညာသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် စစ်တပ် စသည့် ကိုယ်စားလှယ်အစုအဖွဲ့ သုံးခုက ရွေးချယ် ထားသည့် ဒုသမ္မတသုံးဦးကို မဲပေးကြမည်ဖြစ်ပြီး မဲအများဆုံးရသူက သမ္မတ၊ ဒုတိယမဲအများဆုံးရသူ က ဒုသမ္မတ(၁)၊ မဲရလဒ်အနည်းဆုံးသူက ဒုသမ္မတ (၂) ဖြစ်လာမည် ဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က သမ္မတ၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစောက ဒုသမ္မတ (၁) ၊ ကြံ့ခိုင်ရေးပါတီမှ နန်းနီနီအေးက ဒုသမ္မတ (၂) ဖြစ်လာမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
သမ္မတရွေးချယ်ပွဲပြုလုပ်ပြီးနောက် ရက်ပိုင်းအတွင်း အစိုးရအဖွဲ့ ဖွဲ့စည်းတော့မည် ဖြစ်ရာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ ဦးမင်းအောင်လှိုင်က သမ္မတဖြစ်လာကာ အစိုးရအဖွဲ့နှင့် လွှတ်တော် တို့တွင် ၎င်း၏လူရင်း စစ်ဗိုလ်ချုပ်များကို ဖြန့်ခွဲနေရာချကာ အာဏာကို ဆက်လက်ချုပ်ကိုင်သွားဖွယ် ရှိနေသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ခေါင်းဆောင် အထူးယုံကြည်ရသူ အသက် ၆၀ အရွယ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တပ်ချုပ်အသစ် ဖြစ်လာပြီး ဒုတပ်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ စစ်တပ်ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ရာထူးကို ဗိုလ်ချုပ်ကြီး ကိုကိုဦးက ရယူထားသည်။ ပြည်ထောင်စုလွှတ်တော်နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် လူရင်း ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် လက်ရှိကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီ ဖြစ်သည်။
Ref : Myanmar Now (https://www.facebook.com/share/p/1B5ANoKWhA/)