သတင်းရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြင့် မြန်မာစစ်တပ်ကို အင်ဒိုနီးရှားတွင် တရားစွဲမည်

2026. 04. 03


ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာသူ ယာစမင်အူလာနဲ့ အင်ဒိုနီးရှားနိုင်ငံက ထင်ရှားသူ ၁၀ ယောက်တို့ ပူးပေါင်းပြီး မြန်မာအာဏာသိမ်းစစ်တပ်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာရှိတဲ့ အစိုးရရှေ့နေရုံးဆီကို ဧပြီ ၆ ရက်မှာ ရာဇဝတ်မှုနဲ့ တရားစွဲဆိုသွားမယ်လို့ မီဒီယာဖိတ်ကြားစာကနေ သိရပါတယ်။

တရားစွဲမဲ့သူတွေထဲမှာ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း မာဇူကီဒါရူစမန်နဲ့ အင်ဒိုနီးရှားရဲ့ အကြီးဆုံး မွတ်စလင် ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဘူဆရို မူကော့ဒက်စ် တို့လည်း ပါဝင်ကြပါတယ်။

ဒီတိုင်ကြားစာထဲမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ ခြေမြန်တပ်မတွေကို အတိအကျ နာမည်တပ် ဖော်ပြထားပါတယ်။

ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်း တင်ပြထားပြီး စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ဆီကို အဓိက ကွပ်ကဲမှု တာဝန်ရှိသူအဖြစ် ရည်ညွှန်းထားတယ်လို့ ဆိုပါတယ်။

လာမဲ့ ဧပြီ ၅ ရက်မှာ သတင်းထုတ်ပြန်ချက် အရင်ထုတ်ပြန်သွားမှာဖြစ်ပြီး ဧပြီ ၆ ရက် မနက် ၁၀ နာရီမှာတော့ အမှုဖွင့် တိုင်ကြားသွားမှာပါ။

အဲဒီတိုင်ကြားမဲ့နေရာမှာ သတင်းသမားတွေနဲ့ တွေ့ဆုံသွားဖို့ ရှိနေပြီး အဲဒီနေ့ ညနေ ၄ နာရီမှာ တောင်ပိုင်းဂျကာတာမှာရှိတဲ့ စားသောက်ဆိုင်မှာ သတင်းစာရှင်းလင်းပွဲ လုပ်သွားမယ်လို့ သိရပါတယ်။

Ref : DVB (https://www.facebook.com/share/p/1AqH8vNK8g/)

f3f67f264e0eb.png